ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးပါသည်။
ส่งของไปต่างประเทศ
နိုင်ငံခြား ပစ္စည်းပို့ဆောင်ရေး

ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးပါသည်။

SXD EXPRESS ဟာ ထိုင်းနိုင်ငံ DHL မှတရားဝင် ကိုယ်စားလှယ်(DHL Reseller) ဖြစ်ပါတယ်။ ပြည်ပနိုင်ငံများသို့ အရေးကြီး စာရွက်စာတမ်းများ ပို့ရာမှာ အချိန်မှီရောက်အောင် လွယ်ကူအဆင်ပြေစေရန်အတွက် ဝန်ဆောင်မှုပေးပါတယ်။ပြီးတော့ ကျွန်တော်တို့ဟာ DHL ရဲ့ Authorized Partner ဖြစ်တဲ့အတွက် အထူးသက်သာတဲ့ဈေးနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
အကျယ်ပြန့်ဆုံးနဲ့ အလျင်မြန်ဆုံး လွယ်ကူစွာဖြင့် 2-5 ရက်အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။( ကာစတန်(Customs)စစ်ဆေးကာလ မပါဝင်)
အတွေ့အကြုံရှိပြီးပရော်ဖက်ရှင်ကျသော ကျွမ်းကျင်ဝန်ထမ်းများနှင့် ပို့ဆောင်မှု အချက်အလက်များကိုလွယ်ကူစွာဖြေကြားပေးရန် ၂၄ နာရီ အသင့်ရှိပါတယ်။ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံအတွင်းမှ ပြည်ပနိုင်ငံများသို့ အမြန်ချောပို့ရာမှာ ၁ ရက်ကို တင်ပို့မှု Shipment ၂၀၀ ကျော် ရှိပြီး နံပါတ် ၁ ဖြစ်ကြောင်း အာမခံပါတယ်။Customers များအနေနဲ့ ဘယ်ပစ္စည်းတွေက ပို့လို့ ရမရ မသေချာလျှင် (သို့ ) အမေရိကနိုင်ငံမှာ ပစ္စည်းသယ်ရောင်းချင်တယ် ဒါပေမယ့် ဘယ်ကစရမှန်းမသိသေးရင် SXD EXPRESS ကို အခကြေးငွေ ပေးစရာမလိုပဲ အခမဲ့ မေးမြန်း အကူအညီတောင်းလာနိုင်ပါတယ်ခင်ဗျာ။

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံပေါင်း 220 ကျော်ကိုပို့ဆောင်ပေးပါသည်။

ကိုယ့်ပစ္စည်းတွေ မထုပ်ချင်ဘူးလား?
အထုပ်ပို့ဖို့ အချိန်မရှိဘူးလား။
စာရွက်စာတန်းတွေနဲ့ ခေါင်းကိုက်နေလား။
SXD Express က သင့်ကို ကူညီနိုင်ပါတယ်။

သယ်ယူ ပို့ဆောင်ခြင်းဖြင့် ပြည်ပသို့ အမြန်ပို့ဆောင်ပေးပါသည်။

ဝန်ဆောင်မှု EASY SHIPPING

Easy Shipping ဝန်ဆောင်မှုက ဒီပြဿနာတွေကို အားလုံးဖြေရှင်းပေးပါမယ်။ ကျွန်တော်တို့က ပစ္စည်းကို လာရောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ เอกสาร လုပ်ခြင်းတွေကနေ ပို့ဆောင်ရာ နေရာကို ပို့ပေးတဲ့အထိ အဆင့်တိုင်းကို အခမဲ့လုပ်ဆောင်ပေးပါမယ်။ အပိုကြေး ဘာမှ မလိုပါဘူး။

သင့်စီးပွားရေးလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါမည်။

နိုင်ငံခြားကို ဘာပစ္စည်းတွေပို့လို့ရလဲ။ ?

ထိုင်းနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပစ္စည်းမျိုးစုံပို့ပေးပါသည်။ထိုင်း- မြန်မာ ထွက်ကုန်ဖြစ်သော အစားအစာခြောက်၊ အချိုပွဲ ၊ဖက်ရှင်အဝတ်အထည်၊ အလှကုန်၊ လက်မှုပညာပစ္စည်းများ၊အိမ်အလှဆင်ပစ္စည်းများ
၊တိုင်းရင်းဆေးမြစ်ဆေးဝါးများ၊အီလက်ထရွန်နစ်ပစ္စည်းများ၊
ကလေးကစားစရာများနှင့်စိုက်ပျိုးရေးထွက်ကုန်များကို အမေရိကသို့ ပို့သွားနိုင်ပါတယ်ခင်ဗျာ။
ပစ္စည်းများတင်ပို့ရာတွင် သိထားရမှာက ပစ္စည်းများ လုံခြုံ လျင်မြန်စွာ ရောက်ရှိရန် ပို့မယ့်နိုင်ငံရဲ့ Customs အကောက်ခွန်စည်းမျဥ်းများ ၊တားမြစ်ကန့်သတ်ချက်များနှင့် လိုအပ်သော စာရွက်စာတမ်းများပြည့်စုံရန်လိုအပ်ပါသည်။
ကုန်ပစ္စည်းအ`မျိုးအစားတစ်ခုစီအတွက် စည်းမျဉ်းစည်းကမ်းများ မည်ကဲ့သို့ဖြစ်သည်ကို မသိပါက ကျွန်ုပ်တို့၏ အွန်လိုင်းအဖွဲ့နှင့် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ท่านสามารถกดเพื่อคลิ๊ดดูรายการสินค้าที่เราไม่รับส่ง

နိုင်ငံခြားကို ဘာပစ္စည်းတွေပို့လို့ရလဲ။
ထိုင်းကနေ တခြားနိုင်ငံကိုပို့ရင် ပို့ခဘယ်လောက်ကုန်ကျလဲ။

ထိုင်းကနေ တခြားနိုင်ငံကိုပို့ရင် ပို့ခဘယ်လောက်ကုန်ကျလဲ။ ?

ဆောင်ခစျေးနှုန်းကိုလွယ်ကူစွာ သိရှိရန်အတွက်
DHL ကပစ္စည်းရဲ့ အလေးချိန်နှင့် ထုထည်ကို နှိုင်းယှဉ်ခြင်းပြီး ပိုသာတဲ့ အလေးချိန်ကိုယူပြီး ပို့ခတွက်ပါသည်။

ပစ္စည်းထုထည်အလေးချိန်တွက်ချက်နည်းမှာ
အနံ x အလျား x အမြင့် (စင်တီမီတာ)ကို မြှောက်ပြီး
ရလာတဲ့အဖြေကို 5000 နဲ့စားရမှာဖြစ်ပါတယ်။ရတဲ့အဖြေကို
ထုထည်အလေးချိန်အဖြစ်သတ်မှတ်ပါတယ်။
အနည်းဆုံးဝန်ဆောင်မှုပို့ခစျေးနှုန်းကို 0.5 ကီလိုနဲ့ အထက်စ၍ သတ်မှတ်ထားပါသည်။

မိတ်ဆွေများအနေနဲ့ ခန့်မှန်းပို့ခဈေးနှုန်းကို သိချင်ရင် ဝန်ထမ်း ၁ ဦးကိုဆက်သွယ်ပြီး ပစ္စည်းအရွယ်အစားနဲ့ ပို့ချင်တဲ့နိုင်ငံကို ပြောပြီး မေးမြန်းလာနိုင်ပါသည်။

ပြည်ပသို့ ကုန်ပစ္စည်းများ ပေးပို့ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ဆက်သွယ်ရန်

EASY SHIPPING ပို့ဆောင်ခြင်းဝန်ဆောင်မှု၊ SXD ဝန်ထမ်းပစ္စည်းလက်ခံ

SXD Express အဖွဲ့သည် ပါဆယ်ထုပ်ကို လက်ခံရရှိပြီး ထုပ်ပိုးခြင်း၊ ထုပ်ပိုးခြင်းနှင့် ထုတ်ကုန်တံဆိပ်ကပ်ခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။ ဖောက်သည်များအတွက်စာရွက်စာတမ်းများပြင်ဆင်ပါ။

2-5 ရက်အတွင်းအရောက် ပို့ဆောင်ပေးသည်။

နိုင်ငံခြားကို ပို့တဲ့အခါ အခွန်ထပ်ပေးဆောင်ရမှာလား။

နိုင်ငံခြားကို ပို့တဲ့အခါ အခွန်ထပ်ပေးဆောင်ရမှာလား။?

ပို့သွားတဲ့ နိုင်ငံရဲ့ အနိမ့်ဆုံးအခွန်စံနှုန်းကို သိရှိပါက ကုန်ပစ္စည်းများ ပေးပို့ရာမှာသတ်မှတ်ချက်မကျော်လျှင် အခွန်ကင်းလွတ်ခွင့်ရှိပါသည်။

ပြည်ပသို့ ကုန်ပစ္စည်းများ ပို့ခြင်းရာတွင် အနည်းဆုံး အခွန်သတ်မှတ်ချက် ရှိတယ်ဆိုတာကို လူအတော်များများမသိကြဘူး။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ အနည်းဆုံးသတ်မှတ်အခွန်နှုန်းထားများလည်းမတူညီကြပါ။
တကယ်လို့ ပို့သွားတဲ့ ပစ္စည်းတန်ဖို့က သတ်မှတ်အခွန်ဆောင်ရမယ့်နှုန်းထားမကျော်ရင် အခွန်ပေးဆောင်ရန်မလိုပါ။
ဉပမာ –
အမေရိကမှာ ဒေါ်လာ ၈၀၀ ထက် မပိုလျှင် ၊ အင်္ဂလန် ယူရို ၁၅၀ ထက် မပိုလျှင်၊ တရုတ်နိုင်ငံ ၅ ယွမ်ထက် မပိုလျှင်၊ သြစတြေးလျ AUD ၁၀၀၀ ထက် မပိုလျှင်အခွန်ပေးဆောင်ရန်မလိုပါ။

* နိုင်ငံတစ်ခုစီ၏ အနိမ့်ဆုံးအခွန်စံနှုန်းသည် နိုင်ငံတစ်ခုစီ၏ အစိုးရမူဝါဒများနှင့်အညီ ပြောင်းလဲနိုင်သည်။ စိတ်ချ သေချာစေရန်အတွက်မပို့ခင် SXD Express နှင့် တိုင်ပင်ရန် အကြံပြုပါသည်။

အပိုဝန်ဆောင်မှုများ

  • -အချိန်အာမခံနဲ့ ပို့လျှင် မိမိပစ္စည်းပို့စေလိုသော သတ်မှတ်အချိန်တွင်းပို့ပေးနိုင်ပါသည်။
    -တန်ဖိုးမြင့် ပစ္စည်းများပို့ပါက အထူးအာမခံ Insurance ဝန်ဆောင်မှုရှိပါသည်။
    -ရှေးဟောင်းပစ္စည်းများနှင့် အနုပညာပစ္စည်းများကို တင်ပို့ရန် တင်ပို့ခွင့် လျှောက်ပေးပါသည်။
    -အရွယ်အစားကြီးသောပစ္စည်းများအတွက်သစ်သားသေတ္တာဝန်ဆောင်မှုရှိခြင်း။

    နိုင်ငံခြားသို့ ကုန်ပစ္စည်းပို့ရန်အတွက် လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးမည့် ဝန်ဆောင်မှုဖြစ်ပါသည်။ အသေးစားစီးပွားရေးလုပ်ငန်းများ၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ SME နှင့် သာမာန်တစ်ဦးချင်းအတွက် အနိမ့်ဆုံးမရှိ ပေးပို့နိုင်ပါသည်။ ဝန်ဆောင်ခ သက်သာပြီး ထိုက်တန်သော လိုအပ်ချက်များအားလုံးကို ပြီးပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်သော အကောင်းဆုံးဝန်ဆောင်မှုဖြစ်ပါသည်။

သင့်လုပ်ငန်း၏ အားသာချက်များကို ခိုင်မာစေရန် SXD သည် သင့်လုပ်ငန်းအား အခက်အခဲမရှိကူညီရန် အသင့်ရှိပါသည်။

သင့်အား ပိုမိုသက်တောင့်သက်သာဖြစ်စေမည့် ဝန်ဆောင်မှုများရှိပြီး ပိုမိုကောင်းမွန်သောစျေးနှုန်းများနှင့် သာလွန်ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်စေရန်
– အခမဲ့! အိမ်ရောက် ကီလိုနည်းများကန့်သတ်မှုမရှိ သယ်ယူပေးခြင်း။
– အခမဲ့! ပြည်ပပို့ကုန်စံချိန်စံညွှန်းများနှင့်အညီ ထုပ်ပိုးပေးခြင်း။
– အခမဲ့! ဂျပ်ဖာ စာအိတ်နှင့် ထုတ်ပိုးရန် ပလပ်စတစ်စာအိတ်များပေးခြင်း။
– အရွယ်အစားကြီးပြီး ကွဲလွယ်သောပစ္စည်းများအတွက်သစ်သားသေတ္တာဝန်ဆောင်မှုရှိခြင်း။
-ပစ္စည်းတင်ပို့ရန် စာရွက်စာတမ်း Invoice, Paperless, Short Form ပြကြပြုလုပ်ပေးခြင်း။
– သယ်ယူပို့ဆောင်ရေးအာမခံနှင့် ပစ္စည်းကာကွယ်ပေးပို့မှုအဆင့်ဆင့်ဝန်ဆောင်မှုပေးခြင်း
– အရည်၊ အစားအသောက်၊ သွေးရည်ကြည် DNA နှင့် လစ်သီယမ်ဘက်ထရီများပါသည့်အီလက်ထရွန်နစ်ထုတ်ကုန်များပို့ရန် ဝန်ဆောင်မှုရှိခြင်း။
ထုတ်ကုန်များ ပေးပို့ရာတွင် အဆင့်တိုင်းကို ကျွန်ုပ်တို့ ဂရုစိုက်ပေးပါသည်။
နိုင်ငံခြားသို့ ကုန်ပစ္စည်းမပို့မီ အမျိုးမျိုးသောအသေးစိတ်အချက်များ
စာရွက်စာတမ်းများ ကိုယ်တိုင်ပြုလုပ်ရာတွင် ခက်ခဲသော အဆင့်များကို လျော့ချပေးနိုင်ပြီး လွယ်ကူအဆင်ပြေချောမွေ့စွာဝန်ဆောင်မှုပေးတဲ့အတွက်
သင့်လုပ်ငန်းတွင် မလိုအပ်သော အသုံးစရိတ်များကို လျှော့ချပေးပါသည်။

ထိုင်းနိုင်ငံရှိ DHL ဘဏ်ခွဲ

SXD EXPRESS ဟာ DHL မှတရားဝင် ကိုယ်စားလှယ် ဖြစ်တဲ့အတွက်
သင့်ရဲ့ ပစ္စည်းများကို အခြားနေရာတွေထက် ဈေးအထူးသက်သာစွာဖြင့်
အကျယ်ပြန့်ဆုံးနဲ့ အမြန်ဆုံး ပို့ဆောင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တင်ပို့ရန်တားမြစ်ထားသော ကုန်ပစ္စည်းများ

  • ပြည်ပသို့ တင်ပို့ခြင်းမပြုရန် တားမြစ်ထားသော ကုန်ပစ္စည်းများစာရင်းသည် လုပ်ငန်းဆောင်ရွက်မှုအရ ထည့်သွင်းစဉ်းစားထားသည့် Siam Don Delivery ကုမ္ပဏီ၏ မူဝါဒမှထုတ်နှုတ်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဥပဒေ နှင့်အညီ ကုမ္ပဏီ၏ရေရှည်တည်တံ့ခိုင်မာမှုရှိစေရန် ကျင့်သုံးခြင်းဖြစ်ပါသည်။

    သက်ရှိသတ္တဝါများ
    လူ့အစိတ်အပိုင်းများ သို့မဟုတ် အရိုးပြာများ
    ဆင်စွယ်နှင့် ငါးမန်းကဲ့သို့သော တိရစ္ဆာန်များ၏ အစိတ်အပိုင်းများ သို့မဟုတ် တိရစ္ဆာန်ကြွင်းကျန်အစိတ်အပိုင်းများ နှင့် လူ့စားသုံးရန်မဟုတ် ကုန်ပစ္စည်းများ CITES မှတားမြစ်ထားသောထုတ်ကုန်များ
    (the Convention on International Trade in Endangered Species of Wild Fauna and Flora) စာချုပ်ပါ ဒေသဆိုင်ရာဥပဒေများ။
    ရွှေချောင်းများ
    လက်ဝတ်ရတနာအဖြစ် မပြုပြင်ရသေးသော ကျောက်မျက်အမျိုးမျိုး ၊
    ငွေသား (တရားဝင်ပေးချေနိုင်သော)၊
    သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများ သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများ
    အတုအပ သို့မဟုတ် မူးယစ်ဆေးဝါး ကဲ့သို့သော တရားမဝင် ကုန်ပစ္စည်းများ မည်သည့် ဖက်ဒရယ်၊ ပြည်နယ် သို့မဟုတ် ဒေသန္တရအစိုးရ၏ ဥပဒေ၊ စည်းမျဥ်း သို့မဟုတ် အမိန့်ကို ချိုးဖောက်သော ပိုင်ဆိုင်မှုများ ပါဝင်ပါသည်။

สินค้าที่ไม่รับส่ง
ထိုင်းနိုင်ငံမှ နိုင်ငံခြားသို့ ပစ္စည်း ပို့ရင်ဘယ်နှစ်ရက်ကြာမလဲ။
ส่งของต่างประเทศใช้เวลากี่วัน?
ส่งของไปต่างประเทศกับ SXD Express ไวที่สุด ใช้เวลาเพียง 2-5 วันทำการ

ထိုင်းနိုင်ငံမှတဆင့် ပစ္စည်းများကို SXD Express ဖြင့် အခြားနိုင်ငံများသို့ ပို့ပါကလျင်မြန်ပြီး 2-5 ရက်သာ ကြာပါသည်။
SXD Express ဟာ DHL လေကြောင်းဖြင့် ပို့သောကြောင့် အချိန် 2-5 ရက်သာ ကြာပါသည်။ (Customs လုပ်ထုံးလုပ်နည်း စစ်ဆေးချိန် မပါဝင်ပါ) ပါဆယ်ထုတ်တိုင်း ပြည်ပသို့ မတင်ပို့မီ အကောက်ခွန်ဆိုင်ရာ Customs လုပ်ထုံးလုပ်နည်းများ စစ်ဆေးမှုများကို ဖြတ်ကျော်ပြီးမှသာ ပို့ထွက်နိုင်မှာဖြစ်ပါသည်။
ဥရောပနိုင်ငံများ သို့မဟုတ် အမေရိကန် သို့ ခန့်မှန်းခြေအားဖြင့် 3-5 ရက်ခန့်ကြာမည်ဖြစ်သော်လည်း အာရှနိုင်ငံများဖြစ်ပါက ထိုင်းကနေ ပို့ထွက်သွားတဲ့နေ့မှ စ၍ နောက်နေ့တွင် လက်ခံသူထံရောက်ရှိနိုင်ပါသည်။

စာရွက်စာတမ်းများပြုလုပ်ရာတွင် ခက်ခဲရှုပ်ထွေးသောအဆင့်များကိုလျှော့ချစေပါသည်။

ဘာကြောင့်လဲဆိုတော့ ပါဆယ်ထုပ်တိုင်း ထိုင်းနိုင်ငံကနေမထွက်ခင် အကောက်ခွန်မှ စစ်ဆေးမှုကိုခံယူရမှာဖြစ်ပြီး ခရီးဆုံးနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင်လည်း ၎င်းနိုင်ငံ၏ Customs စစ်ဆေးမှုများကို အလားတူ ဖြတ်သန်းရမည်ဖြစ်ပါသည်။ထို့ကြောင့် ပစ္စည်းပို့ရာတွင် လိုအပ်သော Commercial Invoice, MSDS, Certificate of origin စသည့်စာရွက်စာတမ်းများ နှင့် တစ်ဖက်နိုင်ငံရောက်သွားချိန်တွင်၎င်းနိုင်ငံ၏သတ်မှန်ထားသည့်စည်းမျဉ်းစည်းကမ်းအရ ပစ္စည်းအမျိုးအစား အရေအတွက် မှန်ကန်မှု ရှိမရှိ နှင့် ပစ္စည်းများ၏တန်ဖိုးများမှန်ကန်မှု ရှိမရှိ စစ်ဆေးမှာဖြစ်ပြီး ထည့်သွားသည့် တန်ဖိုးပေါ် မူတည်ပြီး တင်သွင်းခွန်ကို တွက်ချက်ယူမှာဖြစ်ပါသည်။
အခွန်တွက်ချက်ရာတွင် နိုင်ငံတိုင်းမှာ တင်သွင်းခွန်နှုန်းထားများ သွင်းကုန်ခွန်ကင်းလွတ်ခွင့်များ မတူကွဲပြားသော ကြောင့် သင့်လုပ်ငန်းလည်ပတ်ရာတွင် မလိုအပ်သောအသုံးစရိတ်များကိုလျှော့ချရန်အတွက် စာရွက်စာတမ်းအမျိုးမျိုးကို မှန်ကန်စွာ ဖြည့်စွက်နိုင်ရန် ကျွန်ုပ်တို့၏ဝန်ထမ်းများကကူညီရန် အသင့်ရှိနေပါသည်။

บริการจัดทำเอกสารสำหรับการส่งออกไปต่างประเทศ

အမေရိကသို့ ပို့ဆောင်မှုသည် 2-5 ရက်ကြာသည်။

ကနေဒါသို့ ပို့ဆောင်မှုသည် 2-5 ရက်ကြာသည်။

အင်္ဂလန်သို့ ပို့ဆောင်ရန် ၂-၅ ရက် ကြာပါသည်။

နော်ဝေးသို့ ပို့ဆောင်မှုသည် ၂-၅ ရက် ကြာသည်။

ပြင်သစ်သို့ ပို့ဆောင်မှုသည် 2-5 ရက်ကြာသည်။

အီတလီသို့ ပို့ဆောင်မှုသည် 2-5 ရက်ကြာသည်။

သြစတြီးယားသို့ ပို့ဆောင်မှုသည် ၂-၅ ရက် ကြာသည်။

ဂျပန်နိုင်ငံသို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

တောင်ကိုးရီးယားသို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

ဟောင်ကောင်သို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

ထိုင်ဝမ်သို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

မလေးရှားသို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

စင်္ကာပူသို့ ပို့ဆောင်ရန် ၁-၂ ရက် ကြာပါသည်။

ဩစတေးလျသို့ ပို့ဆောင်မှုသည် ၂-၄ ရက် ကြာသည်။

နယူးဇီလန်သို့ ပို့ဆောင်မှုသည် ၂-၄ ရက် ကြာသည်။

စပိန်သို့ ပို့ဆောင်မှုသည် ၂-၄ ရက် ကြာသည်။

အာဂျင်တီးနားသို့ ပို့ဆောင်မှုသည် ၂-၄ ရက်ကြာသည်။

ဘရာဇီးသို့ ပို့ဆောင်မှုသည် ၂-၄ ရက် ကြာသည်။

တောင်အာဖရိကသို့ ပို့ဆောင်မှုသည် ၂-၄ ရက် ကြာသည်။

ကင်ညာသို့ ပို့ဆောင်မှုသည် ၂-၄ ရက် ကြာသည်။

နိုင်ငံရပ်ခြားသို့ ပစ္စည်းပို့ခြင်းနှင့် ပတ်သက်၍ မေးလေ့ရှိသော မေးခွန်းများ

Frequently Asked Questions.

SXD Express ဟာ ထိုင်းနိုင်ငံအတွင်း ဒေသအလိုက် ရုံးခွဲပေါင်း 23 ရုံးဖွင့်လှစ်ထားပါသည်။ မိတ်ဆွေများအနေဖြင့် ကိုယ်တိုင်လာရောက်ပေးပို့ရန်အဆင်မပြေပါက ပစ္စည်းသွားယူပေးရန် ဆက်သွယ်လာနိုင်ပါသည်။အကယ်၍သတ်မှတ်ဧရိယာအတွင်း
ကျော်လွန်ပါက နှီးစပ်ရာ SXD Express ရုံးကို ပစ္စည်းပို့လာပေးနိုင်ပါသည်။

အများစုမှာ အောက်ပါအတိုင်း တားမြစ်ထားသော်လည်း အချိန်ကာလပေါ်မူတည်ပြီး အမေရိကန်အစိုးရ၏ မူဝါဒအတိုင်းပြုပြင်ပြောင်းလဲနိုင်ပါသည်။
ကိုယ်တွင်းအင်္ဂါများ
သက်ရှိ တိရစ္ဆာန်များ
တရားဝင်ငွေစက္ကူများ
သေနတ်များ၊ ဗုံးများ၊ စစ်လက်နက်မျိုးစုံ
မီးလောင်လွယ်သောပစ္စည်း
အချို့သောဆေးဝါးများ
လတ်ဆတ်သောအစားအစာနှင့် စားသောက်ရန်မပြပြင်ရသေးသော အသားများပါဝင်သည်။

ရတဲ့ Tracking No. ကိုယူပြီး DHL ဝဘ်ဆိုဒ် သို့မဟုတ် Application ကိုအသုံးပြုပြီး အချိန်မရွေး အမြဲစစ်ကြည့်နိုင်ပါသည်။

ကျွန်တော်တို့ဖက်က ကာစတန် (Customs)နဲ့ ညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဒါပေမယ့် လက်ခံသူဖက်က
ပေးဆောင်ရမယ့်အခွန်နဲ့ ထပ်မံလိုအပ်သော စာရွက်စာတမ်းများကို ပေးပို့ရန် လိုအပ်ပါသည်။

 

ရှုပ်ထွေးတဲ့အဆင့်တွေအတွက် စိတ်ပူစရာမလိုပါ LINE:@sxdexpress မှတဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်လာရုံနဲ့ ပို့ဆောင်မှုအဆင့်ဆင့်ကို ပါဆယ်ထုပ်လက်ခံခြင်းမှစ၍ ထုပ်ပိုးခြင်း နှင့် ပို့ရာမှာ အဆင်ပြေ ချောမွေ့စေရန် လိုအပ်သောစာရွက်စာတမ်းများအားလုံးပြီးပြည့်စုံအောင် ဆောင်ရွက်ပေးပါသည်။

ပို့ကုန်ပစ္စည်း(သို့မဟုတ်) ပါဆယ်ထုပ်များအားလုံး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့်အညီ အကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခံရမှာဖြစ်ပြီး အခွန်နှုန်းထားမှာ ကုန်ပစ္စည်းတန်ဖိုးပေါ် မူတည်ပြီးကောက်ခံပါသည်။နိုင်ငံအလိုက် အခွန်နှုန်းထားများမှာကွဲပြားနိုင်ပါသည်။

တင်သွင်းခွန်ပေးဆောင်ရာမှာ ပို့ဆောင်ရေး ကိုယ်စားလှယ်က ကြိုတင်ပေးဆောင်ထားပြီး နောက်ပိုင်းမှ ကုန်ပစ္စည်းလက်ခံသူထံ အခွန်နှင့် ဝန်ဆောင်ခများကို တိုက်ရိုက်တောင်းခံမည်ဖြစ်သည်။

ပစ္စည်းပို့ရာတွင်လိုအပ်သော (Commercial Invoice), (Air Waybill) နှင့် အရေးကြီးသော စာရွက်စာတမ်းများကို SXD EXPRESS က အကုန်ပြုလုပ်ပေးမှာဖြစ်ပြီး အကယ်၍ ဌာနဆိုင်ရာ အသီးသီးရဲ့ ခွင့်ပြုချက် ထပ်မံလျှောက်ရန်လိုအပ်ပါက အပိုကုန်ကျစရိတ်ရှိနိုင်ပါသည်။
ပို့ကုန်ပစ္စည်းများနှင့် သက်ဆိုင်သော (Commercial Invoice)သည် တစ်နိုင်ငံတစ်နိုင်ငံ လေကြောင်းဖြင့် ကုန်ပစ္စည်းများပို့ရာတွင်အသုံးပြုရန်လိုအပ်သော အခွန်နှင့် အကောက်ခွန် စည်းကြပ်မှုများအတွက် လိုအပ်သော ကုန်ပစ္စည်းအသေးစိတ်အချက်အလက်များ၊ ပစ္စည်းတန်ဖိုးနှင့် ကုန်စည်ပို့ဆောင်သူ အချက်အလက်များပါဝင်သည့် အရေးကြီး စာရွက်စာတမ်းဖြစ်သည်။

(Air Waybill) သည် လေကြောင်းကုန်စည်ပို့ဆောင်ခြင်းဆိုင်ရာ အထောက်အထားအဖြစ် ထုတ်ပေးသည့် စာရွက်စာတမ်းဖြစ်ပြီး (Tracking Number) နှင့် ပေးပို့သူနှင့် လက်ခံသူ
အချက်အလက်များပါရှိပါသည်။

အခြားအရေးကြီးသော စာရွက်စာတမ်းများ
——————————————-
– ရေနေတိရစ္ဆာန် သို့မဟုတ် ရေနေတိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ခွင့်လိုင်စင်
– တိရစ္ဆာန် သို့မဟုတ် တိရစ္ဆာန်အသေကောင်များကို နိုင်ငံတော်မှ သယ်ဆောင်ခွင့်လိုင်စင်။
– ရှေးဟောင်းပစ္စည်း သို့မဟုတ် အနုပညာပစ္စည်းများကို နိုင်ငံတော်မှ တင်ပို့ရန် သို့မဟုတ် ယူဆောင်ခွင့်လိုင်စင်။
– Phytosanitary certificate စသည်တို့ဖြစ်သည်။

ကျွန်တော်တို့ဟာ အမြန်လေကြောင်းလိုင်း ဝန်ဆောင်မှုပဲရှိပါတယ်။လေကြောင်းနဲ့ ပို့တာဟာ ရေကြောင်းလိုင်းပို့တာထက် ပိုမိုလျင်မြန်ပြီးလုံခြုံစိတ်ချရပါတယ်။
ပမာဏများများလည်းပို့နိုင်ပါတယ် များများပို့လေလေ စျေးသက်သာလေပါပဲ။ တင်ပို့ခြင်းဆိုင်ရာ အချက်အလက်များ နှင့် အထူးဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့၏ဝန်ထမ်းများထံမှ အခမဲ့ မေးမြန်းလာနိုင်ပါတယ်ခင်ဗျာ။